Wednesday, 6 July 2011

ကိုဇော်ချစ်သော

မင်္ဂလာပါ....။ လာရောက် ဖတ်ရှုသူတွေကို အားလုံးကို ကျေးဇူးတင်ပါတယ်..။
ကျွန်တော် တစ်ခုတော့ ကြိုထားပြောပါရစေ...။
ဒီ Blog လေးမှာ ကျွန်တော်တင်ပေးထားတာတွေဟာ...
ကျွန်တော့်စက်မှာ သေချာ စမ်းပြီးတော့မှ ကျွန်တော် တင်ပေးတာတွေပါ..။
ဒါပေမဲ့....
တစ်နေ့ထက် တစ်နေ့ တိုးတတ်နေတဲ့ နည်းပညာ ကမ္ဘာကြီးမှာ.......
ကျွန်တော် မနေ့က တင်လိုက်တဲ့ အကြောင်းအရာကို သူတို့က ဒီနေ့ Update (သို့) Upgrade လုပ်လိုက်တယ် ဆိုရင် ...
ကျွန်တော့်စာဖတ်သူတွေ လိုက်လုပ်လို့ မရတာမျိုး ကြုံစေမှာပါ..။
ကျွန်တော်ကလည်း နေ့စဉ် ကိုယ်တင်ပေးထားတာတွေကို Update မလုပ်ပေးနိုင်ဘူး ဆိုတာ ဝန်ခံပါတယ်..။
ဒါကတော့ ..ကျွန်တော် အားနည်းချက်လို့ ဆိုရမှာပါ..။
ဒါကြောင့်..အခြေအနေ အကြောင်းကြောင်းကြောင့်...
တစ်ချို့..ဆိုက်တွေ ဖွင့်မရတာ...
တချို့..Software တွေ ကူးမရတာ...
တချို့..နေရာတွေပြောင်းသွားတာ....
ဒီလို အခြေအနေတွေကြောင့် အခက်အခဲတစ်ခုခု ဖြစ်လာခဲ့ရင် နားလည် ခွင့်လွှတ်ပေးပါ...။

ဘယ်လိုပဲ ဖြစ်ဖြစ် ပျော်ရွှင်ပါစေဗျာ........။


ခင်မင်စွာဖြင့်................zawthutwin.ztw@gmail.com
15.2.2010...................တွင် စတင်ပြင်ဆင်သည်။

တကယ်တော့ ကျွန်တော် လွယ်ကူအောင်လို့ ဘယ်နေရာရောက်ရောက် ဖတ်လို့ ရှာလို့ လွယ်အောင် ဒီ Blog လေးကို လုပ်တာပါ...။


Feb 25-130. Facebook အပါအဝင် ပုံများကို Zoom ဖြင့် ကြည့်ရအောင်
Sep 23-129. ဓါတ်ပုံတစ်ပုံ၏ သမိုင်း
Sep 15-128. Windows 7 အသံထွက်ဖို့
Sep 15-127. ပုံ ၊ အသံ ၊ ဗီဒီယို တင်ကြမယ်
May 31-126. ကျွန်တော် ချစ်ရသော . . . . .
Nov 17-125. တောင်းပန် အသိပေးခြင်း..။
Aug 31-124. Malware အတွက် ဆော့ဝဲလ် အသစ်ပါ..။
Aug 28-123. အင်္ဂလိပ် - မြန်မာ အဘိဓာန်...(လိုချင်ရင်ပေါ့လေ...)
Aug 28-122. ငါ အလေးချိန်က ကျန်းမာရေးနဲ့ သင့်တော်ရဲ့လား..။
Jul 16-121. မိမိ gtalk ကို ဘယ်လို ကာကွယ်ကြမလဲ....
Jul 16-120. Gtalk ကနေ လူတွေ အများကြီးနဲ့ Conference ပြောကြရအောင် ……
Jul 16-119. Gmail မဟုတ်ပဲ Invisible လုပ်ကြရအောင်....
Jul 16-118. Gtalk chat window ထဲမှာပဲ Youtube Video ကြည့်မယ်....
Jul 16-117. gtalk ကို skin လှလှလေးနဲ့သုံးရအောင်....
Jul 16-116. G-Talk ကနေ မိမိကြိုက်နှစ်သက်ရာသီချင်းတောင်းဆို နားဆင်နိုင်သော အွန်လိုင်း ရေဒီယိုအစီအစဉ်...
Jul 16-115. ကိုယ့် Gmail ကို သူများဝင်သုံးနေလားဆိုပြီး စစ်ရန်....
Jul 16-114. blue screen errors..
Jul 16-113. How to fix System Restore?
Jul 16-112. အင်တာနက်ကို၂၀%မြန်အောင်လုပ်နည်း..
Jul 16-111. Windows XP မှာ start နဲ့ shutdown မြန်အောင်လုပ်နည်း...
Jul 16-110. windows XP ရဲ့ရိုးရှင်းသော..လျှို့ဝှတ်ချက်...၄၀
Jul 16-109. SVCHOST.EXE ကိုသတ်မယ်...
Jul 16-108. i love you Virus ကိုသတ်တဲ့ ဆော့ဝဲလ်...
Jul 16-107. Gtalk မှာ ဝင်ဝင်လာတတ်သော Private Cam Virus ကိုရှင်းတဲ့ ဆော့ဝဲလ်..
Jul 16-106. Virus အမျိုးအစားခွဲခြားခြင်း..
Jul 16-105. Loikaw Virus ကိုရှင်းလင်းပေးနိုင်သည့် Removal Tool တစ်ခု...
Jul 6-104. စိတ်ညစ်နေသူများ ပျော်ရွှင်စေဖို့......၃ (လက်ဆောင်)
Jul 6-103. စိတ်ညစ်နေသူများ ပျော်ရွှင်စေဖို့......၂ (လက်ဆောင်)
Jul 6-102. စိတ်ညစ်နေသူများ ပျော်ရွှင်စေဖို့......၁ (လက်ဆောင်)
Jul 6-101. သတိထားဖို့ Virus သတင်း...
Jul 3-100. Malware sweeper ကို ဒေါင်းလို့ မရဘူးဆိုလို့...
May 28-99. Lock လွယ်လွယ် ချဖို့......
May 17-98. Malware အကြောင်း....ကျွန်တော် သိသမျှ.........
May 15-97. Firefox မှာ Youtube Videos တွေကို အလွယ်တကူ Download လုပ်ချင်ရင်....
May 15-96. အခမဲ့ရနိုင်တဲ့ email လိပ်စာများစာရင်း...
May 15-95. gtalk မှာ မိမိနာမည်မကျန်ခဲ့စေချင်ရင်.........
May 6-94. Gtalk နဲ့  မြန်မာနိုင်ငံကို ဖုန်း Message ပို့ဖို့.......
May 1-93. G-talk ကရုပ်ပြောင်လေးတွေ (My Theme) ၊ နောက်ခံလေးတွေ...
Apr 3-92. သင့်ရဲ့ USB drive, Memory stick, Thumb drive, MP3/MP4 player ထဲမှဖိုင်များကို လုံခြုံစိတ်ချစွာ တခြားမဆိုင်သူ မဖတ်စေချင်ရင်.....
Apr 3-91. ကွန်ပျူတာဂျာနယ်ကပြောသော Multiply အကြောင်း (or) about Premium Account & Free Account..
Apr 3-90. ဒုက္ခပေးနေတဲ့ အက်ဒ်ဝဲ (Adware) အကြောင်း....
Apr 3-89. ကွန်ပျုတာ...ဆိုတာ...
Apr 3-88. Gtalk ကဲ့သို့အသုံးပြုနိုင်မည့် M-talk တဲ့....
Apr 3-87.Gmail တွင် ပို့ပြီးသား Mail ပြန်ဖျက်ချင်ရင်....
Apr 2-86. Sub menu မပေါ်အောင်/ပေါ်အောင် လုပ်နည်း...
Apr 2-85. Desktop ပေါ်က ပုံတွေ ၊ ဖိုဒါတွေကို ဖျောက်နည်း...
Apr 2-84. folder/icon တွေကိုမိမိနှစ်သက်တဲ့နာမည်ပြောင်းနည်း...
Apr 2-83. Window password ကိုသူများပြောင်းလို့ မရအောင်လုပ်နည်း...
Apr 2-82. Registry Editor ကိုပိတ်ထားတဲ့ နည်း....
Apr 2-81. Desktop တစ်ခုလုံးကို ဖျောက်လိုက်ကြရအောင်.....
Apr 2-80. MOUSE ကို ဘယ်နဲ့မှ သုံးချင်တယ်ဆိုတဲ့ သူများအတွက်...
Mar 23-78. ကွန်ပျူတာ ကြာကြာသုံးသူများ အတွက် သိမှတ်ဖွယ်ရာများ...
Mar 22-77. (Gtalk Shell) Gtalk မှာ ပုံလေးတွေကို Slideshow နဲ့ ပေါ်အောင်လုပ်နည်း...
Mar 20-76. ဆိုင်မှာ အင်တာနက် သုံးရင် သတိထားဖို့...
Mar 9-75. ကိုယ့်စက်မှ Antivirus အလုပ်လုပ်လား ၊ မလုပ်လား လွယ်လွယ်စမ်းသောနည်း....
Mar 9-74. Trojan ဆိုတဲ့ စက်ကိုလေးစေတဲ့ Virus ကိုရှင်းပုံ ၊ ရှင်းနည်း...
Mar 8-73. Excel မှာမျဉ်းနှစ်ကြောင်းတားနည်း..
Mar 8-72. Windows XP ရဲ့ Product Key ကိုဒီလိုရှာနိုင်ပါတယ်...
Feb 23-71. သတိထား ဟမ်း(Hang)တတ်သည်..
Feb 23-70. အရမ်းချစ်တယ်...Virus ကို ဘယ်လိုသတ်ရမလဲ....
Feb 23-68. ၀င်းဒိုးထဲမှချက်တင်လုပ်ခြင်း....
Feb 23-67. အင်တာနက်မှ ရှာဖွေနည်းများ...
Feb 23-66. Internet Explorer Shortcuts များ...
Feb 23-65. Run Box ထဲမှာ နောက်ထပ်ရိုက်လို့ရတဲ့ Command လေးတွေပါ..
Feb 23-64. keyboard shortcuts များ....
Feb 23-63. Windows အသုံးဝင် shortcut keys များ...
Feb 23-62. Window XP ရဲ့ လျှို့ဝှက်ချက်များ...
Feb 23-61. Windows ပေါ်မှာ Ubuntu Linux ကို ဘယ်လို Install လုပ်ပြီး run မလဲ..
Feb 23-60. Windows XP ရဲ့အမြန်နှုန်းကို မြှင့်တင်ပေးနိုင်တဲ့ နည်းလမ်းအချို့....
Feb 23-59. window မတက်နိုင်ဘဲ hal.dll is missing or corrupt ဖြစ်နေရင်..
Feb 23-58. Administrator account အပါအ၀င် User account တွေအားလုံး Disabled ဖြစ်သွားရင်...
Feb 23-57. Network နှင့်ပတ်သတ်၍...
Feb 23-56. Laptop အကြောင်းသိကောင်းစရာတချို့....
Feb 23-55. portable software လေးများကိုယ်တိုင်ဖန်တီးခြင်း...
Feb 23-54. Kaspersky offline update လုပ်နည်း...
Feb 23-53. hucker ဆိုတာ ဘာလဲ ...(၂)
Feb 23-52. hucker ဆိုတာ ဘာလဲ...(၁)
Feb 23-51. ကျော်တဲ့ခွတဲ့ Freegate တွေသုံးမရတော့ရင် ....
Feb 23-50. ထင်ရှားလူသိများသော Linux OS များအကြောင်း...
Feb 23-49. GTalk တွင် လိမ်လည်နေသောသူများကိုရှာဖွေရန်....(update လုပ်ထားပါတယ်...)
Feb 23-48. Windows XP ရဲ့ ရိုးစင်းတဲ့ လျှို့ ဝှက်ချက်(၄၀)...
Feb 23-47. Windows အသစ်တဲ့...
Feb 23-46. Google Reader အကြောင်း...
Feb 23-45. မြန်မာတခြားဖောင့်များမှ ဇော်ဂျီဖောင့် ပြောင်းပုံ...
Feb 23-44. သင့်အကြောင်း သူတို့ဘယ်လောက်အထိသိသလဲ... (၂)
Feb 23-43. သင့်အကြောင်း သူတို့ဘယ်လောက်အထိသိသလဲ.....(၁)
Feb 23-42. သင်သုံးနေတဲ့ Password ကလုံခြုံမှုရှိရဲ့လား........
Feb 23-41. ဒရမ် ပဲတီးချင်တယ်...(ခရမ်း လောက်တော့ သနားတယ်..)
Feb 23-40. အသံကို ပရိုဂျူဆာတွေလို လုပ်မယ်..( လုပ်ချင်တာ လုပ်တာကိုပြောတာ..ဟီး..)
Feb 23-39. အသံကို ဘယ်လိုချိန်လဲ...
Feb 23-38. DJ ကလိမယ်....( DJ ဖြိုး လန့်သွားမယ်...)
Feb 23-37. ပေါက်ကရ အသံတွေလုပ်မယ်...( ကျွန်တော်လဲ ဒါပဲလုပ်တတ်တာလေ..)
Feb 23-35. အသံကို ကစားကြည့်မယ်..
Feb 23-34. Beats ပဲစမ်းမယ်....(၂)
Feb 23-33. Beats ပဲ စမ်းမယ်...(၁)
Feb 23-32. Keyboard ပဲတီးမယ်...(ဗညားနိုင် ငိုသွားမယ်..)
Feb 23-31. တယော ပဲထိုးချင်တယ်....( ချမ်းအေးကြွယ် လောက်တော့ အပျော့ပေါ့..)
Feb 23-30. စတူရီယို ခန်းမလိုမျိုး တစ်နေရာထဲမှာ ကဲမယ်ဗျာ..
Feb 22-30. ကွန်ပျူတာဆိုင်ရာ ကျင့်ဝတ်များ....
Feb 22-29. Email တွေကိုလုံခြုံအာင်ပို့ကြမယ်...
Feb 22-28. သင့်ကိုယ်သင်ဘယ်လိုပုံစံမြင်ချင်လဲ.......
Feb 22-27. သင့်ရဲ့ကိုယ်ပိုင် နာမည်နဲ့ Logo လေးတွေလုပ်ချင်ရင်...
Feb 22-26. အရုပ်ပါမြင်ရမှကျေနပ်မယ်ဆိုသူတွေအတွက် videogtalk လာပါပြီ....
Feb 22-25. ဟယ်လီကော်ပတာကို မြှားနဲ့ပစ်မယ့်သူ....
Feb 22-24. ဈေးပေါပေါ Technology - Cheapest Laptop.....
Feb 22-23. Technology - Slice of Bread - TV အသစ်..
Feb 22-22. တစ်ကိုယ်ရေသုံးစူပါကွန်ပျူတာများ ထုတ်လုပ်နိုင်တော့မည်....
Feb 22-21. ကမ္ဘာကြီးသည်ရွာကြီး ဖြစ်၏။ သို့သော် အင်္ဂလိပ်စာ တက်ရန်လိုသည်........
Feb 22-20. froxy proxy နဲ့ Ultrastruf , freedone, freegate, Mpt တွဲသုံးမယ်....
Feb 22-19. Internet.Cyclone ဆိုတာ.......
Feb 22-18. funkeysnooker....online snooker game..အကြောင်း...
Feb 22-17. အင်တာနက်ဆိုင်က သုံးရင် msdts.exe ဆိုရင် key-logger...သတိထားဖို့...
Feb 22-16. Mozilla Firefox Shortctus (72 Shortcuts)...
Feb 22-15. Serial Keys တွေ Crack File တွေ Cover တွေကို ယူကြရအောင်....
Feb 22-14. Kaspersky Keys တွေကို ကြိုက်သလောက် free ယူကြရအောင် .....
Feb 20-13. အစိမ်းရောင် Computer..
Feb 20-12. DVD Disc-burn လုပ်ရာမှာ ကြုံတွေ့ရတတ်တဲ့အမှားတွေ...
Feb 20-11. Nano နည်းပညာအကြောင်းတစေ့တစောင်း ..
Feb 20-10. Hardware အား စတင်လေ့လာခြင်း ..
Feb 20-9. Registry အကြောင်း ..
Feb 20-8. USB strick ကို Format ချပြီး အသုံးပြုပုံ...
Feb 20-7. ကွန်ပျူတာ security ပိုင်းကို ခြိမ်းခြောက်မှုအများစုကို ကာကွယ်ရန် နည်းလမ်းများ ..
Feb 20-6. ကွန်ပြူတာမှာ Virus ရှိပါပြီ Task Manger, Folder Options and Registry ကိုပြန်လည်စစ်ဆေးဖြင်း...
Feb 20-5. .Gtalk Shortcut များ...
Feb 20-4. အင်တာနက်မရှိသည့်အချိန်တွင် စမ်းသပ်အဆင့်Offline Gmail သုံးစွဲနည်း..
Feb 20-3. Gtalk က offline chat (သူခိုးချက်)တွေကို ဖမ်းပုံဖမ်းနည်း...
Feb 20-2. Galk မှာ ကိုယ့်ကို ဘယ်သူတွေ block လုပ်ထားသလဲ... စမ်းသပ်နည်း....
Feb 20-1. အလွယ်ဆုံး Virus ရှိ ၊မရှိ စမ်းနည်း....
   View All
.

Monday, 20 June 2011

facebook အပါအ၀င်ပုံများကို zoom ဖြင့်ကြည့်ရအောင်

ပထမဦးဆုံး ပြောချင်တာကတော့ ဒီပို့စ်ဟာ Mozilla Firefox သုံးသူများ အတွက်သာ ဖြစ်ပါတယ်။ ကျန်သော ဘရောက်ဇာများ အတွက် မဟုတ်ပါဘူး။ ဒါကြောင့် တခြားသော ဘရောက်ဇာ သုံးသူများကိုတော့ ကြိုပြီးတော့ တောင်းပန် ထားရမှာပါပဲ။

       ဒါဆိုရင် မော်ဇီလာ သုံးသူများ အတွက်ကို ပြောပြပေးပါ့မယ်။ ဒါလေးကို ဘာကြောင့် သုံးသင့်လဲ ဆိုတော့ အထူးသဖြင့် နှေးကွေး လေးလံလှသော မြန်မာနိုင်ငံရဲ့ အင်တာနက် အနှေးနှုန်းနဲ့ ဆိုရင် google မှာ ကိုယ်ရှာနေသော ပုံတစ်ပုံကို မြင်ရအောင် ၊ Facebook မှာ ကိုယ်ကြည့်ချင်သော ပုံတစ်ပုံကို ကြည့်လို့ရအောင် ဆိုတာ ထိုပုံဆီကို ရောက်အောင် သွားနေတာနဲ့ အချိန် အလွန်ကုန်ပါတယ်။
     ဒါကြောင့် ဒီပုံပြီး နောက်တစ်ပုံကို သွားကြည့်တဲ့ အချိန်ဟာ အလွန်ကြာလို့ Facebook အပါအဝင် တခြားသော နေရာများမှ ပုံများကို အသေးစိတ် မြင်ဖို့ အတွက် တစ်ပုံပြီး တစ်ပုံ ကလစ်နှိပ်ကာ သွားရောက် ကြည့်ရှု့ရန် မလိုတော့ခြင်းပါပဲ။ မောက်စ်ရဲ့ ကာဆာလေးကို ကိုယ်ကြည့်ချင်သော ပုံလေးပေါ်မှာ တင်ထားလိုက်တာနဲ့ သူက သူ့ဖာသာ Zoom ဆွဲပြီး ပုံကြီး ချဲ့ပေးမှာ ဖြစ်ပါတယ်။
     ဒီမှာ ကိုယ်ကြိုက်တာကို ရွေးခြယ်ခွင့် ရှိပါတယ်။ အခု သုံးစွဲမဲ့သူဟာ Facebook မှ ပုံတွေကိုပဲ Zoom ဆွဲကြည့်မှာလား ၊ ဒါမှမဟုတ် google image မှ ပုံတွေ အပါအဝင် တခြားသော ( ၁၇ ) မျိုးသော နေရာများမှ ပုံတွေကို Zoom ဆွဲကြည့်မှာလား ဆိုတာကိုတော့ ကိုယ့်ဖာသာ ရွေးရပါလိမ့်မယ်။ ဒီအတွက် ပထမဦးဆုံး အောက်က ပုံလေးကို နှိပ်ပြီး အဲဒီနေရာကို သွားလိုက်ပါ။

      အဲဒီနေရာကို ရောက်ပြီ ဆိုရင် များလှစွာသော add on တွေထဲမှ ရွေးစရာ နှစ်ခု ရှိပါတယ်။ အပေါ်ဆုံးသော နှစ်ခုကိုပဲ ကျွန်တော်တို့ အသုံးပြုပါ့မယ်။ အောက်က ပုံလေးကို ထပ်ကြည့်ပါ။
     
      ဒီနေရာကို ရောက်ပြီ ဆိုရင် ကိုယ်က Facebook အတွက်ပဲ သုံးမယ် ဆိုရင်တော့ အပေါ်က ကျွန်တော် နံပါတ် ( ၁ ) လို့ ပြထားတဲ့ Add to Firefox ဆိုတဲ့ အစိမ်းလေးကို နှိပ်ပါ။ ဒီလို မဟုတ်ဘဲ ကိုယ်ကတော့ Facebook , google , Twitter , Wikipedia အစရှိသော ( ၁၇ ) မျိုးသော ဆိုက်တွေမှာ ရှိတဲ့ ပုံတွေကို Zoom ချဲ့ကြည့်ဖို့ သုံးမယ် ဆိုရင်တော့ ကျွန်တော် နံပါတ် ( ၂ ) လို့ ပြထားတဲ့ Add to Firefox ဆိုတဲ့ အစိမ်းလေးကို နှိပ်ပါ။     

       ကျွန်တော်ကတော့ Facebook တစ်ခုတည်း အတွက် မဟုတ်ဘဲ ၊ ( ၁၇ ) မျိုးလုံး ကြည့်ဖို့အတွက် ဆိုတော့ နံပါတ် ( ၂ ) ကိုပဲ နှိပ်လိုက်ပါမယ်။ အားလုံးကိုလည်း နံပါတ် ( ၂ ) ကိုပဲ နှိပ်ဖို့ အကြံပြုလိုပါတယ်။        ဒါဆိုရင် အောက်က ပုံပါ အတိုင်း Install လုပ်ရန် အကွက်လေး ထပ်ပေါ်လာပါ့မယ်။ အားလုံးလည်း သိပြီးသား ဖြစ်မှာပါ။ ဒါပေမဲ့ ကျွန်တော် ပုံလေးနဲ့ အောက်မှာ ထပ်ရှင်းပြထားပါတယ်။
      
        ဒါလေးကို နှိပ်လိုက်တယ် ဆိုရင် သူ့ဖာသာ Install လုပ်ပါလိမ့်မယ်။ Install လုပ်လို့ ပြီးရင် ဒီအတိုင်း သုံးလို့ မရသေးပါဘူး။ အခု ဖွင့်ထားသော မော်ဇီလာကို Restart လုပ်ဖို့ လိုပါတယ်။ ဒါကြောင့် ဒီ Add on လေးကို သွင်းတော့မယ် ဆိုရင် ကိုယ့်ဖွင့်ထားတဲ့ မော်ဇီလာက အရာတွေကို ( ဥပမာ - ဘလော့ ရေးနေရင် အရင် save ထားဖို့ လိုပါတယ်။ ) ခဏ မသုံးတာ ကောင်းပါတယ်။         ဒီနေရာမှာ ကျွန်တော် ခဏခဏ ပြောနေရလို့ နည်းနည်းလောက် ပြောချင်ပါတယ်။ မော်ဇီလာ Restart ဖြစ်တယ် ဆိုတာ စက်ကြီးပိတ်ပြီး Windows Restart ဖြစ်သွားတာ မဟုတ်ပါဘူး။ ကိုယ်ဖွင့်ထားသော ဘရောက်ဇာ မော်ဇီလာသာ Restart ဖြစ်သွားမှာ ဖြစ်ပါတယ်။  ပိုရှင်းရန် အောက်က ပုံလေးကို ကြည့်ပါ။
    
       ဒါဆိုရင် မော်ဇီလာ ဘရောက်ဇာက ဖွင့်ထားသမျှတွေကို သူ့ဖာသာ ပိတ်ပြီးတော့ သူ့ဖာသာ Restart လုပ်သွားပါလိမ့်မယ်။ ပြီးရင်တော့ ခုနက ကိုယ်ဖွင့်ထားသမျှ Tab တွေ အတိုင်း မော်ဇီလာ ပြန်ပွင့်လာပါလိမ့်မယ်။ ဒါဆိုရင် သုံးလို့ အဆင်သင့် ဖြစ်ပါပြီ။ မော်ဇီလာရဲ့ Navigation Toolbar မှာ အပြာရောင်နဲ့ Z ဆိုတာလေး ပေါ်လာပါလိမ့်မယ်။ အဲ . . . Navigation Toolbar ဆိုတာ www. ဆိုပြီး ရှာတဲ့  Reload , Stop , Home , Address စတာတွေ ပါတဲ့ ဘာတန်းလေးပေါ့ဗျာ။ အခုတော့ အိမ်ပုံစံလေးရဲ့ ဘေးမှာ အပြာရောင်လေးနဲ့ Z ဆိုပြီး ပေါ်နေပါလိမ့်မယ်။ အောက်က ပုံလေးကို ကြည့်ပါ။
    
           ဒါဆိုရင် Photo Zoom ကို စပြီး သုံးလို့ ရပါပြီ။ ဒီ Z ကလေးရဲ့ ညာဘက်ဘေး အောက်စိုက်နေတဲ့ မြားလေးကို နှိပ်လိုက်မယ် ဆိုရင် သူ့မှာ ပါတဲ့ အသုံးဝင် အလုပ်လုပ်သော ဆိုက်တွေကို ဖော်ပြထားပါလိမ့်မယ်။ အောက်က ပုံလေးကို ကြည့်ပါ။
       
      ဒီလို ပေါ်လာရင်တော့ အဲဒီဘောင်လေးရဲ့ အောက်ဆုံးမှာ ရှိတဲ့ Setting ကို နှိပ်လိုက်ရင်တော့ အောက်က ပုံလေး အတိုင်း ပေါ်လာမှာပါ။

       ဒါဆိုရင်တော့ ကိုယ်က ဘယ်ဆိုက်က ပုံကိုတော့ Zoom နဲ့ ကြည့်မယ်။ ဘယ်ဆိုက်ကိုတော့ မကြည့်ဘူး ဆိုပြီးတော့ အမှန်ခြစ်လေးတွေ ခြစ်လိုက် ဖြုတ်လိုက် လုပ်ပြီးတော့ ချိန်းလို့ ရပါတယ်။ အပေါ်မှာလည်း Setting အနေနဲ့ ပါပါသေးတယ်။ ဒါတွေက သိပ်မလိုအပ်လို့ ဘာမှ မရေးတော့ပါဘူး။ ကိုယ့်ဖာသာ ကလိကြည့်ပါ။        ဒါဆိုရင် Add on Install လုပ်လို့ အလုံးစုံ ပြီးပြည့်စုံသွားပါပြီ။ ဒါကို ကျွန်တော်တို့ အသုံးပြုတဲ့ အခါမှာ ဘယ်လို အသုံးဝင်တယ် ဆိုတာ ကျွန်တော် ရှင်းပြပါ့မယ်။ ပထမဦးဆုံး Facebook နဲ့ စမ်းကြည့်ရအောင်။ Facebook ရဲ့ Home မှာ ပေါ်နေတဲ့ ပုံတွေပါ။ အောက်က ပုံကို ကြည့်ပါ။

      မူရင်းမြင်နေရသော ပုံပေါ်ကို မောက်စ်ရဲ့ ကာဆာ မြားလေးကို တင်ကြည့်လိုက်ပါ။ ဒါဆိုရင် ကိုယ်တင်လိုက်တဲ့ ပုံက အလိုလို Zoom ဆွဲပြီး တတ်လာပါလိမ့်မယ်။ အောက်က ပုံလေး အတိုင်းပေါ့။

       ဒီပုံကတော့ ပုံတွေ သိမ်းထားတဲ့ ဖိုင်တစ်ခုကို ဖွင့်လိုက်ပါ။ အောက်မှာ ပြထားတဲ့ အတိုင်း ပုံတွေ ရှိသလောက် အသေးလေးတွေနဲ့ ပြထားပါလိမ့်မယ်။  အောက်က ပုံအတိုင်းပေါ့။

        ဒါကို ပုံကြီးနဲ့ ကြည့်ချင်တယ် ဆိုရင် ပုံကို ကလစ်နှိပ်ပြီး  ချဲ့ကြည့်ရပါမယ်။ အခုတော့ မလိုတော့ပါဘူး အဲဒီလို မြင်နေရတဲ့  ပုံသေးသေးလေးတွေပေါ်မှာ မောက်စ်ရဲ့ ကာဆာကို တင်လိုက်တာနဲ့ ပုံတွေက အလိုလို  Zoom ဆွဲပြီး ကြီးလာပါလိမ့်မယ်။ အောက်က ပုံကို ကြည့်ပါ။

      လူတစ်ယောက်ရဲ့ Profile Picture ကိုလည်း မသဲကွဲလို့ ၊ အပြည့်မပေါ်လို့ ဆိုပြီး ကလစ်နှိပ်ကြည့်စရာ မလိုပါဘူး။ အခုလိုပဲ မောက်စ် ကာဆာလေး တင်လိုက်တာနဲ့ သူက Zoom ဆွဲပြီး အကြီး ချဲ့ပေးပါတယ်။

        အိမ်မှာ ချက်ပြုတ်ပြီး Facebook မှာ ချက်ပြုတ်ထားသမျှတွေကို တင်ကာ သူများတွေကို သွားရည်ကျစေသော ပုံများကိုလည်း အခုလို မောက်စ် ကာဆာလေး တင်ကာ သွားရည်ကျနိုင်ပါတယ်။ အွန်လိုင်းပေါ်မှ နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ :) :)

      ဒီလောက် ဆိုရင် Facebook မှ ပုံတွေ အတွက် အဆင်ပြေလောက်ပြီလို့ ယူဆပါတယ်။ ကိုယ်တိုင် စမ်းကြည့်ပါ။ အတော်ကို ကောင်းမွန်ပြီး လွယ်ကူတာ တွေ့ရပါလိမ့်မယ်။ တစ်ခု ရှိတာက “ အဓိက ကတော့ အင်တာနက် ကွန်နက်ရှင် အနှေး ၊ အမြန်ကို လိုက်ပြီးတော့ ပုံတွေ ပေါ်ဖို့ကတော့ ကြာပါလိမ့်မယ် ” ဆိုတာကိုတော့ အထူး ပြောဖို့ မလိုပေမဲ့ ထပ်ပြီးတော့ သတိပေး ပြောလိုက်ပါရစေ။    

     ဒါဆို အခု ထပ်ပြီးတော့ Google Image က ပုံတွေကို စမ်းကြည့်ရအောင်။ ထုံးစံ အတိုင်း Google ကို ဝင်ပါ။ ပြီးရင် Images ကို ထပ်သွားပါ။ ရောက်ပြီ ဆိုရင် ကိုယ်ကြိုက်တာ တစ်ခုခုကို ရေးပြီး ရှာလိုက်ပါ။ ကျွန်တော်ကတော့ ပုရွက်ဆိတ် ဆိုပြီး ( ant ) လို့ပဲ ရှာလိုက်ပါတယ်။ ဒီတော့ ပုရွတ်ဆိတ်နဲ့ ပတ်သတ်တဲ့ ပုံတွေ အကုန် ကျလာပါလိမ့်မယ်။      

      အဲဒီလို ပုံတွေထဲက ကိုယ်ကြည့်ချင်တဲ့ ပုံပေါ်ကို မောက်စ်ရဲ့ ကာဆာလေး ချလိုက်ရင် သူ့အလိုလို Google Image က Zoom ဆွဲကာ ပုံကို ချဲ့ပြပါလိမ့်မယ်။ ဒါပေမဲ့ သူချဲ့ပြတဲ့ ပုံက အနည်းငယ်သာ ဖြစ်လို့ သေးငယ်ပါတယ်။ ဒါကို ဒီ Add on လေး ထည့်ထားရင်တော့ သူက Google Image က ချဲ့ပေးတဲ့ Zoom ထက် တင်ထားသော ပုံရဲ့ နဂိုမူလ အရွယ်အစားအတိုင်း ချဲ့ပြပါလိမ့်မယ်။ အောက်က ပုံကတော့ Google Image မှ ချဲ့ပြထားသော ပုံနှင့် ထပ်၍ ချဲ့ရန် အတွက် Loading လုပ်နေသော ပုံလေးပဲ ဖြစ်ပါတယ်။

       ဒီပုံကတော့ Google Image မှ ချဲ့ပေးသော ပုံနှင့် Z Zoom က ချဲ့ပေးသော ပုံကို ယှဉ်ပြထားတာ ဖြစ်ပါတယ်။

         ဒီ Add on လေးကို ဘာလို့ သုံးရလဲဆို အဓိက အားဖြင့်တော့ စာမျက်နှာ တစ်မျက်နှာမှ တစ်မျက်နှာသို့ ကူးပြောင်းသော  အချိန်ကုန်မှုကို သက်သာစေပါတယ်။ တန်းစီ မြင်နေတဲ့ ပုံတွေပေါ်မှာ မောက်စ်ရဲ့  ကာဆာလေးကို တင်လိုက်တာနဲ့ သူ့ဖာသာ Zoom ဆွဲပြီး ချဲ့ပေးတာကို  ကြည့်နိုင်ပါတယ်။ ပုံတစ်ပုံကို အကြီးချဲ့ပြီး မြင်ရအောင် စာမျက်နှာ တစ်မျက်နှာကနေ နောက်ထပ် တစ်မျက်နှာ ပြောင်းနေစရာ မလိုတော့ဘူးပေါ့။       

        ကျွန်တော့် အတွက်ကတော့ အရမ်းကို အဆင်ပြေပါတယ်။ အားလုံးကိုလည်း အဆင်ပြေပြေ နဲ့ အချိန်ကုန် သက်သာစွာ အင်တာနက် သုံးစေချင်လို့ ဒီ Add on လေးကို သုံးစေချင်ပါတယ်။ စမ်းသုံးကြည့်ပါ။       

         သုံးလို့ အဆင်မပြေဘူး ဆိုရင် အရှေ့က မော်နီတာကို တူနဲ့ ထုပါ။ အဆင်ပြေတယ် ဆိုရင်တော့ “ ကျေးဇူးတင်ပါတယ် ကိုဇော် ” လို့ ပြုံးပြီး ပြန်ပြောခဲ့ယုံပါပဲ။ ဘယ်ကို ရောက်နေနေ ကျွန်တော့် ဘလော့ကို ဝင်မရရင်လည်း အဆင်ပြေအောင်လို့ ကျွန်တော် pdf လေးပါ လုပ်ပြီး တင်ပေးထားပါတယ်။ လိုချင်သူများ ဒေါင်းပြီး သိမ်းထားလိုက်ပါ။ pdf မှာ ရှိနေတဲ့ လင့်တွေကို နှိပ်ပြီးတော့လည်း လိုရာကို ရောက်နိုင်ပါတယ်။

pdf ဖြင့်
             

အားလုံးပဲ အဆင်ပြေကြပါစေ။
 

Hidden Posts

Hidden Posts

Friday, 10 June 2011

ကိုဇော်မြတ်နိုးသောနှလုံးသား

ကျွန်တော်ဒီဘလော့လေးကိုတင်ချင်နေတာကြာပါပီ့
အလုပ်ကလည်းမအားတာကြောင့်ပါ့
လူတိုင်းဟာဘ၀မှာအကြာကြီးနေရမယ်ထင်နေကြတယ်လေ့
အဒါကြောင့်လူသေပေမယ့်နာမည်ကျန်အောင်တော့လုပ်ကြဖို့လိုပါတယ့်
လူတွေဟာဘာလုပ်ဖို့လူဖြစ်လာကြတာလည်း
စဉ်းစားကြည့်ပါ့
စားဖို့၊ သောက်ဖို့၊ နေဖို့ထိုင်ဖို့ လူမှုရေး၊ စီးပွါးရေ့းစသော ထွေရာလေးပါး ကိုလုပ်ဖို့လာ့း
လူဆိုတာသေကြမှာပါ့
မသေခင်ကောင်းကောင်းနေချင်တယ့်
ကောင်းကောင်းသွားချင်တယ့်
စားချင်တယ့်
လူတိုင်းပါ့
ထမင်းတစ်နှပ်စားပီးတိုင်းတစ်ခါစဉ်းစားသင့်ပါတယ့်
ငါသူများအတွက်အကျိုးပြုစေမယ့် အလုပ်ဘာလုပ်ပီးပီလည့်း
ငါလူဖြစ်ကျိုးမှနပ်ရ့လာ့း
လောကီရေးထားအုံး
လေကုတ္တရာဘက်ရောလိုက်စားလာ့း
ဘုန်းကြီးကျောင်းကဆရာတော်ကိုတောင်မသိ့
ဘုရားရှိခိုးရောချ့စာလုံးပေါင်းကမမှန့်
တစ်နေ့တစ်နေ့ဘာတွေလုပ်ပီးအချိန်တွေကုန်နေတာပါလိမ့်
တစ်နေ့တစ်နေ့သောကတွေသာစိုးမိုးနေသောဘ၀၊လောဘတွေန့သာခရီးဆက်နေတ့ဘ၀ ဘာလုပ်မှာလည်း
ငါဘာလုပ်သင့်လည့်းအဖြေရရင်ကျွန်တော့ဆီမှာပြန်ရေးထားခ့ပါ့
ကျေးဇူးတင်ပါတယ့်



ကိုဇော့်
zawthtuwin.ztw@gmail.com


Thursday, 2 June 2011

ဒီဇင်ဘာဇော်

အားလုံးပျော်ရွင်စေမယ့်ကိုဇော့်ကမ္ဘာ၊ကိုဇော့်ရွာ